November 27, 2013

Melodyne ဆိုတာ

Melodyne Software

Melodyne ဆိုတာကတောအခုခေတ်မှာရေပန်းအလွန်စားနေသော Software တွေထဲကတခုဖြစ်ပေသည်...
Note တခု လွဲချော်သွားသော် Timing လွဲသော် Key ချော်သွားသော် Pitch ရိုင်သွားသော် Pitch Drift ဖြစ်သွားသော်
Melodyne ဟာအလွန်အထောက်အကူဖြစ်ပေလိမ့်မည်

Virtual DJ ဆိုတာ

Virtual DJ
Live show တွေ Party တွေ Home Party တွေမှာ ကျယ်ပြန့်စွာ အသုံးပြုခံနေရတဲ့ DJ virtual software တခုဖြစ်သည်...
DJ အစစ်နဲ့ တွဲတီးရင်လည်းအဆင်ပြေ.. Software only  သုံးလည်းအဆင်ပြေပပေသည်..ကောင်းကွက်တွေကတော့အများကြီးပါ
သီချင်းတပုဒ် ကို အလွယ်တကူ Remix တွေလုပ်နိုင်မယ်။Key,Tempo ကိုလည်းချက်ခြင်းဖော်ပြမည် စသည်ဖြင့်ပေါ့...
သင်ဟာ DJ ဘက်ကိုစိတ်ဝင်စားသူဆိုရင်တော့ Virtual DJ ဟူသောSoftware .ကိုရှိကိုရှိထားသင့်ပေသည်...

Nuendo ဆိုတာ

Nuendo
  Nuendo ဆိုတာကတော့ Fruitty Loop လိုပါပဲ Professional Music  Software တခုပါပဲ...အထူးသဖြင့်တော့
Nuendo ဟာRecording,Mixing and Mastering ကို အသားပေးထားသော Software ဖြစ်ပါတယ်
 Keyboard တွေ Guitar တွေ အစသဖြင့် Instrument တွေနဲ့တီးခတ်မယ် Mic နဲ့အသံတွေသွင်း ဖို့အဆင်ပြေဆုံး
Software တွေထဲကကတခုဖြစ်သည်...သီချင်းတပုဒ်ကိုအချောသတ်တော့မည် Mixing and Mastering လုပ်တော့မယ်ဆို
လည်းဒီ Software ကိုအသုံးပြုရပေမည်...Digital Software တွေနဲ့ ဂီတခေတ်ကြီးထဲမှာ Nuendo မသုံးတတ်ရင် ဂီတမှာ
သင်ခေတ်နောက်ကျနေပေလိမ့်မည်...

Fruitty Loop ဆိုတာ

Fruitty Loop(FL Studio)
             
                 အခုခေတ်မှာအလွန် အသုံးကျယ်လာသော Music Maker Software တခုဖြစ်သည်...Fruitty ကိုသုံးတတ်ရင်
သုံးတတ်သလောက် တော်တော်အသုံးဝင်ကြောင်းသိလာပေမည်....Fruitty Loop ကိုအဆိုမှာတော့သိပ်မသုံးသေးပါဘူး
Worlwide အသုံးပြုခံရတဲ့ Software ဖြစ်ပေသည်...
ကောင်းကွက်တခုကတော့...ဥပမာ Keyboard Controller
တခုမရှိလည်း Computer နဲ့သာ Note တွေကိုရေးသားနိုင်မည်ဖြစ်သည်...Digital စကက်တွေနဲ့တွဲတီးခတ်လို့ ရပါတယ်...
တချို့နားမလည်သူတချို့က Fruitty Loop Only နဲ့ Conntroller or real instrument တွေမပါပဲ တီးခတ်ထားတဲ့ Music
တွေကိုအထင်မကြီးတတ်ကြပေ...တကယ်တော့အဲ့ဒါကိုရှင်းပြပါ့မယ...သူတို့ပြောတာလဲတချို့တလေမှန်ပါတယ်...ဒါပေမဲ့သေချာ
စဉ်းစားကြည့်မယ်ဆိုရင်တော့ တကယ်လို့သာ Fruitty Software တခုထဲနဲ့သာတီးခတ်မယ်ဆိုလည်း ထိုလူဟာရမ်းတီးလို့မရတာ
အမှန်ပါပဲ ရမ်းတီးရင်တော့ ရမ်းတီး Quality ပဲမှာပါ...ဂီတအခြေခံသဘောတရားတွေ Note အကြောင်းတွေနားလည်မှ Software
ထဲမှာ Sequence တွေ Midi(Piano roll),etc...တေါရေးလို့ရမှာပါ...ဥပမာဆိုရသော် Chord တခု ပေါ့ C Chord ကို Fruitty ထဲမှာ
ရေးမယ်ဆိုရင်...C chord ဖြစ်လာဖို့ ပေါင်းစပ်တီးရတဲ့ Note  တွေဖြစ်တဲ့ C,E,G ဆိုတဲ့ Note သုံးခုကိုသိမှ Piano Roll ထဲမှာသွားရေး
လို့ရမှာပါ ပိုအံ့သြဖို့ကောင်းတာက စက်တီး((Software) လက်တီး ကွာခြားမှုလေးပြောပြပါမယ် လက်နဲ့ဒီတိုင်းတီါ်လိုက်တဲ့ လူမှာတော့
Velocity ကိုတီးနေကြဆိုတော့ လက်က အလိုအလျောက် ချိန်ဆတီးမိသွားမှာပါ....SOftware ထဲမှာ လိုက်ရေးမယ့်လူကတော့
Velocity တွေကိုအတွင်းကြကြနားလည် ပါမှ Quality ငြိမ့်ငြောင်းသော Loop တွေကိုရရှိမှာာဖြစ်ပါတယ်...ဒါပေမဲ့လဲ စက်တီး
ကြီးပဲ ပိုဆရာကြတယ်မဆိုပါ လက်တီးမှာလဲလက်တီး အခက်အခဲရှိပါတယ် စက်နဲ့တီးတာမို့ Timing အလွဲအချော်ကို ကြောက်ဖို့မလို
ညှိတတ်ရင်...လက်တီးကတော့ တခါတည်း မှန်အောင်တီးနိုင်ရပေမည်...ပြီးရင်လက်တီးမှာ Note ချော်လို့မရပါါ...စက်တီးမှာတော့
မှားတီးမိတဲ့Note ကိုပြင်လို့ရတာပေါ့ ဖြေးဖြေး၂ တီးပြီးမှ ပြန်ပေါင်းလို့ရတာကစက်တီးပါ...လွယ်တယ်လို့ဆိုလို့ရတာပေါ့ဗျာ...
အကောင်းဆုံးကတော့ စက်တောလက်ကော Software Hardware ပေါင်းတီးတာလဲ Skill ပိုကြပါတယ်...

November 25, 2013

International Note အကြောင်း အကျဉ်းချုပ်



Genres ဆိုတာ

Genres
Genres ဆိုတာကတော့ Music Type တွေကိုဆိုလိုတာပါ...
ဆန်ကို နိုင်ငံခြားမှာRice လို့ခေါ်သလိုပေါ့
ရှေးကလူတွေဖန်တီးပြီးပြီမို့ Pop ဆိုPop ရဲ့မူပိုင်စတိုင် Rock ဆို Rock ရဲ့မူပိုင်စတိုင်လေးတွေ
ရှိပြီးသားပေါ့...ယခုအခါ 1970ကစတင်ပေါ်ပေါက်ခဲ့တဲ့ Hip Hop ဟူသောဂီတဟာလဲ
အလွန်ထွန်းကားလာပြီ ဖြစ်ပြီး တော်တော်များများ genere အသစ်ဆိုသူနဲ့ တွဲတွဲပြီးပေါ်ပေါက်
လာတာကိုတွေ့ရပါတယ်...
ဒါတွေကတော့ကျွန်တော့်သိသလောက်စုစောင်းရှိ့သသမျှMusic Genres လေးတွေပါ...
ဒီထက်လဲရှိပါသေးတယ်...
Blues,Classicial Rock,Country,Dance,Disco,Funk,Grunge,Hip-Hop,Jazz,Metal,
New Age,Oldies,Pop,R&B,Rap,Reggae,Rock,Techno,Industrial,Alternative,Ska,
Death Metal,Pranks,Euro-Techno,Ambient,Trip-Hop,Jazz+Funk,Fusion,Trance,
Classicial,Acid,House,Gospel,Noise,AlternRock,Bass,Soul,Punk,Space,Meditative,Ethnic,
Gothic,Darkwave,Techno-Industrial,Electronic,Pop-Folk,Eurodance,Dream,Southern Rock,
Cult,Gangsta,Top 40,Christian Rap,Pop/Funk,JungleNative American,Cabaret,New Wave,
Psychadelic,Rave,Showtunes,Traiilier,Lo-Fi,Tribal,Acid Punk,Acid Jazz,Polka,Retro,Musicial,
Rock & Roll,Hard Rock,Folk,Folk-Rock,National folk,Swing,Fast Fusion,Bebob,Lattin,
Revival,Celtic,Bluegrass,Avantgrade,Gothic Rock,Progressive  Rock,Psychedelic Rock,
Symphonic Rock,Slow Rock,Big Band,Acouustic,Chamber Music,Opera,Speech,Sonata,
Symphony,Booty Bass,Primus,Adult Groove,Satire,Slow Jam,Club,Tango,Samba,Folklore,
Ballad,Powerballad,Rhythmic Soul,Freestyle,Duet,Punk Rock,Acepella,Euro-House,
Dance Hall,Goa,Club-House,Hardcore,Terror,Indie,Britpop,Ethnic Punk,Polish Punk,
Beat,Christian Gangsta,Heavy Metal,Black Metal,Cross over,Contemporary,Christian Rock,
Merengue,Salsa,Thrash Metal,Anime,JPop,SynthPop,Kpop

Keys ဆိုတာ

Keys
Piano ခလုတ်ခုံနဲ့ ပဲအကြမ်းဖျင်းလေးဖော်ပြောပါ့မယ်...

အားလုံးတွေ့တဲ့အတိုင်း C,D,E,F,G,A,B(သံစဉ်၇ခု) နဲ့
 သူတို့ကိုမူတည်ပြီး ခွဲထွက်သွားတဲ့သံစဉ်တွေလဲရှိပါတယ်
ဒါကတော့အကြမ်းသဘောပေါ့...
Hello ဆိုသောစကားကို ဘာသာစကားမျိုးစုံနဲ့ခေါ်သလို
key ကို လည်းမျိုးစုံခေါ်ဝေါ်ကြပါတယ်...Interrnational note က
sign လေးတွေနဲ့ one sharp key,two sharp key စသဖြင့်ပေါ့
အများသုံးကကတော့အလွယ်အနေနဲ့ ဘာkey လဲဆို A key,B key
အစသဖြင့်ပေါ့...အခုအခါ တချိန်က ခရစ်ယာန်တွေလက်ဆင့်ကမ်း
ပြီးအများဆုံးအသုံးပြုခဲ့တဲ့ Minor keyတွေလဲ ထွန်းကားလာပေပြီ...
သီချင်းတပုဒ်ဆိုမယ်ဆိုလဲ key ရွေးချယ်မှုဟာအလွန်အရေးပါပါတယ်...
သီဆိုမဲ့အဆိုတော် နဲ့လိုက်သော key ကဘယ် key ဖြစ်မလဲ ဂရုအထူး
ပြုရပေမည်...
Key မြင့်တယ်ဆို တချို့က ဆိုမရဘူးလို့သတ်မှတ်ပါတယ်..
တကယ်တော့ကျွန်တော့်အထင် လုံးဝဆိုမရတာတော့ မဟုတ်ပါ
Key မြင့်တယ်ဆိုတာ Vocalist တယောက်ဖို့ High Pitch တွေထိအောင်
ဆိုဖို့တော့ ဟုတ်ပါတယ် ခက်ခဲလှပါတယ်...ဒါပေမဲ့ သူ့ နဲ့လိုက်တဲ့key
ကအောက်သံဆို ရင်အဆင်ပြေပြီပေါ့(ဥပမာ ညဏ်လင်းအောင်,အငဲ)
ဘာလို့လဲဆိုတာ KEY အရမ်းမြင့်ရင် Base နဲ့ဆိုမယ်ဆို အရမ်း အသံ
 အောက်ကြလို့ပါ(Key ပေါ်မူတည်ပါတယ်)
အထူးသဖြင့်တော့ မိန်းကလေးနဲ့ ယောကျာင်္းလေး အသံဟာ piano key board
တွင်ကြည့်ပါက one octave စာလောက်ကွာပါတယ်....
အဲဒါကိုနောက်မှအကျယ်ရှင်းပါမယ်

Beat,Bar,Timingဆိုတာ

beat-beat ကိုTempo ဘက်ကမြင်မယ်ဆို BPM လို့ခေါ်တာကြောင့်
ညီညီညာညာ ကြာမြင့်မှုလေးတွေနဲ့ဆက်တိုက်ရိုက်ခတ် နေတဲ့
စည်းချက်လေးတွေတစ်ခုတစ်ခု စီကိုရည်ညွှန်းတာပါ...

Timing-1bar မှာ Beat ဘယ်နှစ်ခုထားမယ် ဆိုတာ  Timing 
ပါပဲ....
Example- 4/4  Timing ဆိုတာ 1bar မှာ  4beat(ရိုက်ချက်လေးခု)
ထားမယ် အပေါ်က လဲ 4 မို့လို့ စည်းချက်လေးခု ထားမယ်လို့
ဆိုလိုတာပါ...

ဒါဆို Beat,Bar,Timing  အကြောင်းအကြမ်းဖျင်း သိရှိပြီးဖြစ်မှာပါ...

November 24, 2013

Tempo ဆိုတာ

Tempo ဆိုတာ...
-သီချင်းတပုဒ် ကိုနားထောင်ကြည့်လို့ မြန်နေတယ် နှေးနေတယ်ဆိုတာ  Tempo ကိုပြောတာပါ...
-သီချင်းအမျိုးအစားများ အပေါ်မူတည် ပြီး Tempo မျိုးစုံရှိပါတယ်..
-ဥပမာအားဖြင့်ဆိုသော် Pop သီချင်းအမျိုးအစားတွေက အများအားဖြင့် နှေးနေတတ်ပြီး  Rap ကဲ့သို့သီချင်းများမှာ  Tempo Unit တွေများနေတတ်တာကိုတွေ့ရမှာပါ...
-Tempo ရဲ့အဓိကသော့ချက်ကတော့ Druum ပါ။ Drum ကြောင့်လည်း Tempo  ကိုအလွယ်တကူသိကောင်းသိနိုင်ပါတယ်...Drum မြန်နေသလား နှေးနေသလားပေါ့...
-ဒါကြောင့်  Drum မပါပဲ သံစဉ်တခုတီးမှုတ်သီဆိုတဲ့အခါ "Metronome" (Metronome အကြောင်းကိုလည်းနောက် တွင်ဖော်ပြသွားပါမည်)ဆိုတဲ့အရာလေးနဲ့(click)
အသံတခုကိုနားထောင်ပြီးလိုက်တီးရပါတယ်
-ကြွမ်းကြင်သူတခြို့ကတော့ ခြေထောက် ပုတ်ခတ်ခြင်းနဲ့ စည်းချက်လိုက်ပါတယ် ဒါဆို Tempo  မလွဲချော်နိုင်တော့ဘူးပေါ့
- ဒါဆိုရင် Tempo အကြောင်းကို အကြမ်းဖျင်း သဘောပေါက်ပြီး ဖြစ်မှာပါ...
-Tempo မရှိရင် စည်းကမ်းမရှိသော အိမ်ကဲ့သို့ဖြစ်ကာ ဖြစ်ချင်တာတွေဖြစ် လူတကာ ၀င်လိုက်ထွက်လိုက်ဖြစ်ပြီး တစ်ယောက်နဲ့တယောက်ရှေ့နောက်မညီပဲ ကွဲပြားရကုန်သလိုပဲဖြစ်မှာပါ
တူရိယာသံတွေအားလုံးတပြေးညီ စည်းချက်နဲ့မညီပဲ မြန်တဲ့လူကမြန် နှေးတဲ့လူကနှေးနဲ့ နားထောင်သူကိုနားနှိပ်စက် သလိုဖြစ်နေမှာပါ

ကျွန်တော် Tempo အကြောင်း သိသလောက်  လက်ဆင့်ကန်းပေးတာပါ ဝေဖန်လို့ရပါတယ်

သီချင်းတပုဒ်အတွက် သတ်မှတ်သောကိန်းသေများ...

Tempo-သီချင်းအနှေး၊အမြန်
Tempo's Unit-BPM(Beat Per Minute)
 Timing-စည်းချက်ကန့်သတ်ချက်တခု
4/4 timing သည်လူအသုံးများသောtiming ဖြစ်သည် ..
Key- သီချင်းတပုဒ်မှာအရေးအပါဆုံး အပိုင်းဖြစ်ပါတယ် တချို့က"Root Key" လို့လဲခေါ်ကြပါတယ်...

Example-1.0
                                    Song Name
Tempo-120
Timing-4/4
Key-C 

မှတ်ချက်-အနီ နဲ့ရေးထားတာတွေဟာ သီချင်းတွေအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်...
ဒါဟာကျွန်တော့်စတိုင်နဲ့ ကျွန်တော်ဖော်ပြတာပါခင်ဗျာ..International Style ဆိုတာရှိပါသေးတယ်ခင်ဗျ...