Hardwares And Home Studio

Studio တခုတွင် ရှိသောအရာများ ဆက်သွယ်မှု သဘောာတရားအကြမ်းဖျင်း



ပုံမှာပြထားတဲ့အတိုင်း Studio တခုမှာဘယ်လိုမျိုး hardware တွေကိုဆက်သွယ်ထားလဲဆိုတာ ကိုသိရမှာပါ...ဒါကအကြမ်းသဘောပါ ဒီထက်လဲပိုပြီး စက်တွေ အသုံးပြုလို့ရပါသေးတယ်..
ဒါပေမဲ့သင်ကHome Studio လုပ်မယ်ဆိုရင်တော့ Computer,Mixer(including Soundcard) or Soundcard,Speaker,Mic,Earphone တွေကတော့ မရှိမဖြစ်ရှိလိုအပ်သောအရာများဖြစ်ပါတယ်...
ဒါတွေနဲ့ဖန်တီးထားတဲ့ studio ကို Digital Studio လို့ခေါ်ပါတယ်...
ဆက်သွယ်ပုံများ---အားလုံးရဲ့ Main ကတော့ computer လို့ဆိုလို့ ရရပါတယ်...Computer ထဲမှာ Software တခုထားရှိပြီး Control လုပ်ရပါတယ် ဒါဆိုလည်ပတ်ပုံလေးတွေကိုပြောပြပါမယ်...Mic ကMixer(includind Soundcard) or Sound card ဆီကို input အနေနဲ့ဝင်ပါတယ်။Guitar တွေလဲအလားတူပါ...Keyboard,Controller,DJ တို့က USB နဲ့ဖြစ်ခဲ့ရင်တော့ Computer ဆီကိုတိုက်ရိုက်ပေးဝင်ရပါတယ်...Mixer(includind Soundcard) or Sound card ရဲ့ Output တွေက Amplifier ဆီကို Input အနေနဲ့ဝင်ပါတယ်....Amplifier ကoutput တွေက Speaker တွေ Earphone တွေကို Input အနေနဲ့ဝင်ပါတယ်...Speaker,Earphone တို့ က output အနေနဲ့ အသံတွေထုတ်လွတ်ပေးပါတယ်...ဒီလိုနဲ့ Mixer(includind Soundcard) or Sound cardကတော့Computer နဲ့ချိတ်ဆက်ထားပြီးအပြန်အလှန် ဆက်သွယ်မှုတွေကိုပြုလုပ်ပေးပို့ကြပါတယ်...
ဒါတွေကိုကြည့်ချင်းအားဖြင့် အကျဉ်းချုပ်ဆိုရသော် တခုအထွက်ကတခုရဲ့အ၀င်အဖြစ်ဆက်သွယ်ထားကြကတာပါပဲ...

                                                  Home Studio လုပ်မယ်

 ဒါကတော့ Home Studio တခုတည်ဆောက်ပုံအကြမ်းဖျင်းပါ...
ဂီတမှာကျွန်တော့်လိုစိတ်ဝင်စားတဲ့ လူတွေအကုန်လုံးအတွက်အသုံးဝင်မယ်ထင်လို့ပါ....
ဒီလိုလူတိုင်း ကိုယ်ပိုင် Home  Studio တစ်ခုပိုင်ဆိုင်ချင်ကြမှာပါ...ဒါဆိုလွယ်ပါတယ်ကျွန်တော်
ရေးထားတာလေးတွေက အများကြီးမဟုတ်တောင်အနည်းအကျဉ်းတော့ အထောက်အကူပြုပါစေ
ဗျား...
ကယ်ပထမဆုံးအနေနဲ့လေ၀င်လေထွက် ရှိမရှိ အခန်းကိုစစ်ဆေးရပါမယ်...တတ်နိုင်သမျှမရှိအောင်
အခန်းကို မွန်းမံလိုက်ပါ...ပြီးနောက်အခန်းကိုယေဘူယျအားဖြင့် သုံးပုံတပုံကို အခန်းသေးတခန်းကန့်လိုက်ပါ...အခန်းကန့်ဖို့က အုတ်နဲ့မှကန့်လို့ရတာမဟုတ်လို့အဆင်ပြေသလို သစ်သားအထပ်သားနှစ်ဖက်ကာ သို့ Composite လိုအသားမျိုးနဲ့လည်းရပါတယ် အကောင်းဆုံးကတော့အုတ်ပါ..ထို့နောက်အလုံပိတ်ခန်းဖြစ်သဖြစ်သဖြင့် Air Conတော့လိုကောင်းလိုအပ်ပါသည် ထိုအခါ Air con ကိုအခန်းကြီးဘက်မှာသာတပ်ဖို့အကြံပေးလိုပါသည်
အခန်းသေးအကျယ်အ၀န်းကောင်းမှသာ တပ်စေလိုပါသည်(တပ်လိုသော်)အခန်းသေးသည်အသံသွင်းMicထားမည့်နေရာဖြစ်သဖြင့်လေ၀င်လေထွက်ကို
အခန်းကြီးထက်အထူးပြုရပေမည်...ထို့နောက် အခန်းကြီးနှင့်အခန်းသေးကြားနံရံတွင် မှန်တတ်ထားမည်(မတတ်လဲရသည်)မှန်မှာလူနှစ်ဦးတဖက်တချက်မြင်နိုင်ဖို့ သာဖြစ်လို့ သေချာအသံလုံအောင်မတပ်နိုင်ပါက မတပ်တာကပို ကောင်းပါတယ်...ရုပ်မမြင်လဲအသံနဲ့ဟိုဘက်ဒီဘက်ဆက်သွယ်လို့ရပါတယ်...
ပြီးရင်နှစ်ဖက်ကူးဖို့လဲ တံခါးတချက်ထားရှိပါ...ထို့အပြင်စက်ပတွေ(Mic,Earphone)စသည်တို့ရဲ့ကြိုးတွေကူးဖို့လဲအပေါက်လုပ်ပါ...
အခန်းသေးတွင်ထားရှိရမည့်အရာများကိုပုံမှာကြည့်ပါ...အခန်းကြီးကတော့Studio တခုတွင် ရှိသောအရာများ ဆက်သွယ်မှု သဘောာတရားအကြမ်းဖျင်း များပုံမှ Computer,Mixer,Soundcard,Amplifier,Speaker တို့ကိုထားရှိပါ......ဒါဆို Home studio တခုအတွက် Hardware ပိုင်းမှာတော့ဒီမှာအဆုံးသတ်ပါတယ်...

အရေးအပါဆုံးအရာတစ်ခုရှိပါသေးသည်...Studoio အခန်းသည်အလုံခန်းဖြစ်သဖြင့် ပြုလုပပ်လိုက်သောအသံဟူသမျှကို လေးဘက်လေးတန်နံရံတွေ မျက်နှာကျက်တွေကြမ်းပြင်တွေက 
့ပဲ့တင်သံ၊လှိုင်သံတွေပြုလုပ်ပေးပါတော့မည်။ဒါဆိုအသံဟာလိုအပ်သည်ထက်ကျယ်လောင်ကာ ကြည်လင်ပြတ်သားမှုတွေမရှိဖြစ်ပါတော့မည်...ဘေးထွက်ဆိုးကြိုးတွေအနေနဲ့ Engineer ဖို့နားရှုပ်ထွေးမည်...အခန်းကြီးကတီးလုံးသံဖွင့်သောအခါလဲအသံဟာကြားခံနယ်ကို အရှိန်ဖြင့်ဖြတ်သန်းကာ အခန်းသေးမှ အသံသွင်းစဉ် Mic ထဲသို့ Noise အနေနဲ့ဝင်မည်ဖြစ်သည်ဒါဆို
Mixing ဆွဲသောအခါလဲလူသံမှာလိုအပ်သောကြည်လင်မှုမရ သောကြောင့် Quality ချို့တဲ့ရပေမည်...
ဒါကြောင့်အခုပြောပြလိုသောအကြောင်းအရာကတော့ အသံကို ဟန့်တားနည်းနဲ့ အားနည်းစေသောနည်းပါ
ကောင်းကြိုးများ-Studio အတွင်းမှအသံတော်ရုံအပြင်သို့ပေါက်မထွက်
                     အခန်းကြီးမှအသံများအခန်းသေး(Recording Room)သို့ ပေါက်မထွက် Mic မှအသံ
                     Quality ကောင်းများရ
                     အခန်းသေးအတွင်းအသံသွင်းစဉ်ပဲ့တင်သံကင်းမဲ့သောကြောင့်ပကတိ အသံမှန်ကိုရရှိ
ပြုလုပ်ပုံများ- အရာနှစ်ခုသာလိုအပ်ပါသည်...Sound Absorb System ကိုထမ်းဆောင်မဲ့ဖော့နှင့် Sound Proof System ကိုထမ်းဆောင်မဲ့ဖော့တွေပါပဲ
 Absorb System အတွက်ကတော့ အောက်က Video ကိုကြည့်ရှုပါ 


Proof System အတွက်ကတော့အောက်မှာပြထားတဲ့အတိုင်းပါ အောက်က studio ဟာကျွန်တော့် ရဲ့ Home Studio လေးပါ နံရံမှာကယ်ထားတဲ့ဖော့တွေပါပဲ Proof system ကတော့...ဒီဖော့တွေဟာ အများအားဖြင့်ဒီနိုင်ငံမှာ ၇ပေ ၄ပေ ဆိုဒ်ဖြင့်လာပြီး ဈေးလည်းသင့် သုံးရတာလည်းလွယ် ကော်နဲ့ကပ်ရရုံပါ...Effect အနေနဲ့လည်း  တကယ်သက်
ရောက်မှုရှိလို့ Professional Studioတွေပါအားလုံးနီးပါး သုံးကြသည်...Absorb system မပါပဲ Proof system ပဲတခုတည်းသုံးလည်းရနေလို့ပါ











 နောက်ထပ် Home studio နဲ့ Hardware တွေနဲ့ပတ်သတ်ပြီးကျွန်တော်သိသလောက် လက်ဆင့်ကမ်းလမ်းညွှန်ပေးသွားဦးမည်ဖြစ်သဖြင့် ဆက်လက်စောင့်မျှော်ရှုစားပေးကြပါဦး ခင်ဗျာ....အမှားတွေပါခဲ့သော်သည်းခံခွင့်လွတ်ပေးပါ...ဝေဖန်မှုတွေကိုကြိုဆိုလျက်....

No comments:

Post a Comment

Note: Only a member of this blog may post a comment.