November 24, 2013

Tempo ဆိုတာ

Tempo ဆိုတာ...
-သီချင်းတပုဒ် ကိုနားထောင်ကြည့်လို့ မြန်နေတယ် နှေးနေတယ်ဆိုတာ  Tempo ကိုပြောတာပါ...
-သီချင်းအမျိုးအစားများ အပေါ်မူတည် ပြီး Tempo မျိုးစုံရှိပါတယ်..
-ဥပမာအားဖြင့်ဆိုသော် Pop သီချင်းအမျိုးအစားတွေက အများအားဖြင့် နှေးနေတတ်ပြီး  Rap ကဲ့သို့သီချင်းများမှာ  Tempo Unit တွေများနေတတ်တာကိုတွေ့ရမှာပါ...
-Tempo ရဲ့အဓိကသော့ချက်ကတော့ Druum ပါ။ Drum ကြောင့်လည်း Tempo  ကိုအလွယ်တကူသိကောင်းသိနိုင်ပါတယ်...Drum မြန်နေသလား နှေးနေသလားပေါ့...
-ဒါကြောင့်  Drum မပါပဲ သံစဉ်တခုတီးမှုတ်သီဆိုတဲ့အခါ "Metronome" (Metronome အကြောင်းကိုလည်းနောက် တွင်ဖော်ပြသွားပါမည်)ဆိုတဲ့အရာလေးနဲ့(click)
အသံတခုကိုနားထောင်ပြီးလိုက်တီးရပါတယ်
-ကြွမ်းကြင်သူတခြို့ကတော့ ခြေထောက် ပုတ်ခတ်ခြင်းနဲ့ စည်းချက်လိုက်ပါတယ် ဒါဆို Tempo  မလွဲချော်နိုင်တော့ဘူးပေါ့
- ဒါဆိုရင် Tempo အကြောင်းကို အကြမ်းဖျင်း သဘောပေါက်ပြီး ဖြစ်မှာပါ...
-Tempo မရှိရင် စည်းကမ်းမရှိသော အိမ်ကဲ့သို့ဖြစ်ကာ ဖြစ်ချင်တာတွေဖြစ် လူတကာ ၀င်လိုက်ထွက်လိုက်ဖြစ်ပြီး တစ်ယောက်နဲ့တယောက်ရှေ့နောက်မညီပဲ ကွဲပြားရကုန်သလိုပဲဖြစ်မှာပါ
တူရိယာသံတွေအားလုံးတပြေးညီ စည်းချက်နဲ့မညီပဲ မြန်တဲ့လူကမြန် နှေးတဲ့လူကနှေးနဲ့ နားထောင်သူကိုနားနှိပ်စက် သလိုဖြစ်နေမှာပါ

ကျွန်တော် Tempo အကြောင်း သိသလောက်  လက်ဆင့်ကန်းပေးတာပါ ဝေဖန်လို့ရပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.